User Guides

Wartee - ပရင်တာ ချိတ်ဆက်ခြင်း

ဘောက်ချာ ပရင့်ထုတ်ရန်နှင့် မီးဖိုချောင်/ကောင်တာသို့ အော်ဒါပို့ရန် ESC/POS ပရင်တာများကို ချိတ်ဆက်နိုင်ပါသည်။


၁။ ပရင်တာ ထည့်ခြင်း

  1. အခြား → စီမံ → Printers ကို နှိပ်ပါ။
  2. + ပရင်တာ ထည့်ရန် ကို နှိပ်ပါ။
  3. အနီးအနားရှိ ပရင်တာများကို ရှာဖွေပါမည်။ ချိတ်ဆက်လိုသော ပရင်တာကို နှိပ်ရွေးပါ။
  4. ပရင်တာ အမည် ထည့်ပါ (ဥပမာ ကောင်တာ ဘောက်ချာ)။
  5. Roles တွင် ဤပရင်တာ ထုတ်ပေးမည့် ဘောက်ချာအမျိုးအစားကို ရွေးပါ —
    • Food — အစားအစာ မီးဖိုချောင်ဘောက်ချာ။
    • Beverage — အဖျော်ယမကာ ကောင်တာဘောက်ချာ။
    • Receipt — ဖောက်သည် ငွေရှင်းဘောက်ချာ။
  6. Save Printer ကို နှိပ်ပါ။

ပရင်တာတစ်လုံးတွင် Role တစ်ခုထက်ပို၍ သတ်မှတ်နိုင်ပါသည်။ ဥပမာ ပရင်တာတစ်လုံးတည်းဖြင့် အစားအစာနှင့် အဖျော်ယမကာ နှစ်မျိုးလုံးအတွက် ဘောက်ချာ ထုတ်နိုင်ပါသည်။


၂။ အလိုအလျောက် ပရင့်ထုတ်ခြင်း

Printers စာမျက်နှာ၏ ထိပ်ပိုင်းတွင် ဤစက်တွင် အော်ဒါအသစ်များ အလိုအလျောက် ပရင့်ထုတ်ရန် ခလုတ် ရှိပါသည်။

  • ဖွင့်ထားပါက အော်ဒါအသစ် ဝင်လာတိုင်း သက်ဆိုင်ရာ ဘောက်ချာများကို အလိုအလျောက် ပရင့်ထုတ်ပေးပါမည်။
  • ဤသတ်မှတ်ချက်သည် ဤစက် (device) အတွက်သာ သက်ရောက်ပါသည်။

အကြံပြုချက် — မီးဖိုချောင်ပရင်တာ တပ်ဆင်ထားသည့် စက်တွင်သာ ဤခလုတ်ကို ဖွင့်ထားသင့်ပါသည်။